Zara Vibrant Leather Eau de Parfum for Men 100ml - K 219,000 (In stock)
Zara ရဲ့ Vibrant Leather Eau de Parfum ကို ဈေးကြီးတဲ့ woody-citrus ရနံ့တွေရဲ့ အစားထိုးအနေနဲ့ ရနံ့ချစ်သူတွေကြားမှာ မကြာခဏဆွေးနွေးကြပါတယ်။ သူ့ကို Creed Aventus လို ဈေးကြီးရနံ့တွေနဲ့ နှိုင်းယှဉ်မှုတွေရှိပေမယ့်၊ ဒီရနံ့က သပ်ရပ်ပြီး ဈေးနှုန်းချိုသာတဲ့အတွက် အထူးသဖြင့် ပူပြင်းတဲ့ရာသီဥတုမှာ လန်းဆန်းနေမယ့် ရနံ့ကိုလိုချင်သူတွေအတွက် ကောင်းမွန်တဲ့ရွေးချယ်မှုတစ်ခုပါ။
*ရနံ့ဖွဲ့စည်းပုံ*
Vibrant Leather ရဲ့ ဖွဲ့စည်းပုံက ရိုးရှင်းပေမယ့် ထိရောက်ပြီး နေ့စဉ်သုံးဖို့ အဆင်ပြေပါတယ်။
// Top Notes - Bergamot
// Heart Notes - Bamboo
// Base Notes - Leather
ပထမဆုံးဖျန်းလိုက်တဲ့အခါ bergamot ရဲ့ လန်းဆန်းတဲ့ citrus အနံ့က ထင်ရှားပါတယ်။ ပူပြင်းစိုထိုင်းတဲ့ ရာသီဥတုမှာ လန်းဆန်းမှုကိုချက်ချင်းပေးနိုင်တဲ့အတွက် နေ့ခင်းဘက်သုံးဖို့ အကောင်းဆုံးပါပဲ။
ခဏကြာတဲ့အခါ bamboo ရနံ့က ပေါ်လာပြီး ရနံ့ကို ပိုမိုလတ်ဆတ်စေပါတယ်။ ဒီအဆင့်မှာ floral ဒါမှမဟုတ် herbal အနံ့တွေများများမထည့်ထားဘဲ bamboo note နဲ့ပဲ modern ကျကျဖန်တီးထားတာကို သတိထားမိပါလိမ့်မယ်။
နောက်ဆုံးမှာတော့ soft leather အနံ့ကို သိသိသာသာခံစားရမှာပါ။ ဒါပေမယ့် ပုံမှန် leather ရနံ့တွေလို မလေးမသက်ဖြစ်စေဘဲ suede လို နူးညံ့ပြီး ယဉ်ကျေးတဲ့အနံ့ဖြစ်ပါတယ်။ ပူအိုက်တဲ့ရာသီမှာပါ သက်တောင့်သက်သာရှိစေမယ့် ရနံ့ချိန်ညှိမှုတစ်ခုပါ။
Fragrantica မှာ review တွေအရဆိုရင် Vibrant Leather က နောက်ထပ် လူသိများတဲ့ Aventus နဲ့တူတဲ့ Armaf Club de Nuit ထက်အများကြီးပို smooth and classy ဖြစ်ပြီး စူးတဲ့ note တွေမပါလို့ ပိုအဆင်ပြေပြေသုံးလို့ကောင်းတယ်လို့ ရေးထားပါတယ်။ ဒါကြောင့် Vibrant Leather ရဲ့ Fragrantica rating အလွန်မြင့်ပါတယ်။ 4.2 out of 5 stars (3,200+ votes) ပါ။
*ဘယ်သူတွေသုံးသင့်လဲ?*
ဒီရနံ့က လန်းဆန်းပြီး ရိုးရှင်းတဲ့အနံ့မျိုးကိုကြိုက်တဲ့ အမျိုးသားတွေအတွက် recommend လုပ်ပါတယ်။
✔ အလုပ်ခွင်မှာ သိမ်မွေ့တဲ့အနံ့လေးသုံးချင်တဲ့ သူတွေ
✔ ဈေးနှုန်းသက်သာပြီး သပ်ရပ်တဲ့ရနံ့လိုချင်တဲ့ကျောင်းသားတွေ
✔ နွေရာသီမှာ shopping/ brunch date မှာပေါ့ပေါ့ပါးပါးရေမွှေးတစ်ခုကို စိတ်ကြိုက်အလွယ်တကူဖျန်းသုံးချင်သူတွေ
Zara Vibrant Leather က ပူအိုက်တဲ့ရာသီအတွက် လတ်ဆတ်ပြီး သပ်ရပ်တဲ့ dumb reach လို့ခေါ်တဲ့ သိပ်စဉ်းစားစရာမလိုဘဲ အချိန်မရွေး များများဖြန်းသုံးနိုင်တဲ့ ရနံ့ကောင်းတစ်ခုဖြစ်ပါတယ်။ ဈေးကြီးတဲ့ niche brand ရနံ့တွေလောက် အနံ့ complexity မရှိပေမယ့်ဈေးနှုန်းနဲ့ထိုက်တန်တဲ့ တော်တော်လေးကောင်းတဲ့ quality ရှိပါတယ်။
@ Ready in stock in Yangon
@ From official Zara Official Store in Bangkok
https://www.yangonbrandedperfume.com/product-page/zara-vibrant-leather-eau-de-parfum-for-men-100ml
Ready in stock ရှိတဲ့ Zara ရေမွှေးတွေရဲ့ ဈေး၊ ပုံ နဲ့ review တွေကို https://www.yangonbrandedperfume.com/zara မှာကြည့်နိုင်ပါတယ်။
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
K219,000.00Price
bottom of page