top of page

YSL Y Le Parfum (Pure Perfume) for Men 100ml - K 575,000 (In stock)

Y series ထဲမှာ နောက်ဆုံးထွက်တဲ့ YSL Y Le Parfum ရဲ့ opening က Y EDP နှင့် EDT နှစ်မျိုးလုံးနဲ့ ပုံစံတူပါတယ်။ ပန်းသီး၊ ဂရိတ်ဖရု နှင့် ဂျင်ဂျာ တွေမို့ fresh and sweet ဖြစ်တဲ့ လူတိုင်းကြိုက်တဲ့ ရနံ့တွေပါတဲ့ အဖွင့်ပါ။

Mid stage က sage and geranium တွေကိုလည်း အဖွင့်မှာ နဲနဲ စပြီးရစပြုနေပါပြီ။ Y EDP နဲ့ကွာတာက Le Parfum က EDP လောက် အနံ့မပြင်းပဲ နဲနဲလေးပိုချိုပြီး တစ်ချိန်ထဲမှာ mid notes က herbal nuiances တွေကြောင့် greenish and somewhat dark scent ကို opening မှာတစ်ခါထဲရတာ ဖြစ်ပါတယ်။

Dark ဖြစ်တယ်လို့ ပြောပေမယ့် smoke note တို့ incense note တို့ ကြောင့် ဖြစ်တာမျိုးမဟုတ်ပဲ ပန်းသီး၊ ဂရိတ်ဖရု နှင့် ဂျင်ဂျာ ရနံ့တွေကို sage and geranium ကပေါင်းလိုက်လို့ ရတဲ့ mysteriously sensual ဖြစ်တဲ့ ရနံ့မျိုးပါ။ ဒါကြောင့်သူက တခြား blue fragrance တွေနဲ့ယှဉ်ရင် ပိုပြီး class ရှိတဲ့ depth ရှိတယ့် feeling ကိုပေးနိုင်ပါတယ်။ ဒီနောက်မှာတော့ mid note မှာပါတဲ့ aldehydes ကြောင့် opening နဲ့ mid stage ကြားမှာ bright/sweet/slightly fresh aroma ရပါတယ်။

အထူးသဖြင့် drydown မှာပေါ်လာတဲ့ Tonka Bean နဲ့ Cedar တို့ရဲ့creamy woodiness က ပိုပြီးစိတ်ဝင်စားဖွယ်ကောင်းစေပြီး သုံးထားတဲ့သူကို ပိုပြီးဆွဲဆောင်မှုဖြစ်စေပါတယ်။ Le Parfum ကို blend လုပ်ထားတာ ကောင်းလွန်းတဲ့အတွက် blue fragrance တွေထဲမှာ dry down အကောင်းဆုံးရှိတဲ့ ရေမွှေးဖြစ်ပါတယ်။

အတိုချုံးပြောရရင် Parfum version က EDT / Eau de Parfum version တွေထက် ရေမွှေးအဆီပါဝင်နှုံး concentration ပိုများပြီး ပိုပြီး rich and deep ဖြစ်တဲ့အနံ့ပါ။ ရနံ့ရလိုက်တာနဲ့ အရည်အသွေးမြင့်တဲ့ ရေမွှေးဖြစ်ပြီးအရည်အသွေးကို သေချာဖို့ premium ingredient ပါဝင်ပစ္စည်ကောင်းတွေနဲ့ လုပ်ထားတယ်ဆိုတာ ပြောစရာမလိုအောင်ကို သိသိသာကောင်းပါတယ်။

ပုလင်းဒီဇိုင်းကလည်း တွေထက် ပိုဆန်းတဲ့ ကျက်သရေရှိပြီး စတိုင်လ်ကျတဲ့ အနက်ရောင်ဖြစ်ပါတယ်။ YSL တခြာရေမွှေးတွေလိုပဲ atomizer ကောင်းတဲ့အတွက် ဖြန်းသုံးတဲ့အခါ fine spray ရအောင် distribution ကောင်းပါတယ်။ အဖုံးကိုလည်းအသေးစိတ်အနားသပ်လေးတွေကအစ သေသေသပ်သပ်လုပ်ထားပြီး ဖန်သားထူတာကြောင့် အိတ်ထဲထည့်သွားတဲ့အခါ ခရီးဆောင်သယ်သွားတဲ့အခါ စိတ်ချရပါတယ်။

Made in France

Sealed original retail packaging

https://www.yangonbrandedperfume.com/product-page/ysl-y-le-parfum-pure-perfume-for-men-100ml

YSL Y Le Parfum (Pure Perfume) for Men 100ml

K575,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page