top of page

Versace Dylan Turquoise EDT Perfume for Women 100ml tester packaging - K 243,000 (In stock/Made in Italy)

 

Versace Dylan Turquoise က ပူပြင်းတဲ့နေရာတွေအတွက် အထူးသဖြင့် မြေထဲပင်လယ်ရာသီဥတုနဲ့ ဆင်တဲ့ မြန်မာရာသီဥတုနဲ့ အထူးသင့်လျော်တဲ့ လန်းဆန်းပြီး နုပျိုသောရနံ့ဖြစ်ပါတယ်။ Citrus နဲ့ Floral Notes တွေပေါင်းစပ်ထားတာမို့ နေ့ဖက်ရော ညဖက်ပါ နေရာမရွေးသုံးနိုင်တဲ့ versatile light scent ရနံ့တစ်ခုဖြစ်ပါတယ်။

ဒီရေမွှေးကို မြေထဲပင်လယ် မှာရှိတဲ့ စစ်စလီကျွန်းကထွက်တဲ့ primofiore သံပုရာ၊ ပျားလိမ္မော်သီး နဲ့ ပန်းရောင်ငရုတ်ကောင်းတို့ရဲ့ လတ်ဆတ်တဲ့ရနံ့တွေနဲ့ စဖွင့်ထားပြီး mid note တွေကတော့ မာလကာပန်းပွင့်၊ စံပယ်ပန်းနဲ့ ဖရီးရှားပန်းရနံ့တွေဖြစ်လို့ မိန်းမဆန်တဲ့ မွှေးရနံ့ဖြစ်ပါတယ်။ Base note အနေနဲ့ အဖြူရောင်သစ်သား၊ ကတိုးနဲ့ ပက်ချူလီရနံ့တို့ ရောထားတာမို့ နွေးထွေးတည်ညိမ်တဲ့ အာရုံခံစားမှုကို ပေးပါတယ်။

ရေမွှေးရဲ့ color theme အနေနဲ့ မြေထဲပင်လယ်နှင့် ဂရိကျွန်းစုများရဲ့ signature colour ဖြစ်တဲ့ Turquoise စိမ်းပြာရောင်ကို အသုံးပြုထားပါတယ်။ ပုလင်းဒီဇိုင်းက ပေါ့ပါးပြီး စတိုင်ကျကာ စိမ်းပြာရောင် ဖန်ပုလင်းနဲ့ ရွှေရောင် ပုလင်းအဖုံးတို့က ရေမွှေးရနံ့နဲ့ လိုက်ဖက်ပါတယ်။ ပုလင်းကို Versace အမှတ်တံဆိပ် Medusa ဦးခေါင်းဖြင့် အလှဆင်ထားတဲ့အတွက် luxury ဒီဇိုင်းတစ်ခုလို့ ပိုသိသာစေပါတယ်။

Versace Dylan Turquoise သည် fresh ဖြစ်တဲ့ လန်းဆန်းပြီး နုညံ့တဲ့ပန်းရနံ့ကို ရှာဖွေနေသူများအတွက် အထူးသင့်လျော်တဲ့ လှပတဲ့ရနံ့တစ်ခုဖြစ်သည်။

Versace Dylan Turquoise ရဲ့ ရေမွှေးဖန်တီးသူက Sophie Labbé ဖြစ်ပြီး သူမက luxury brand များစွာနဲ့ လက်တွဲလုပ်ကိုင်ပြီး ဆုရရေမွှေးများစွာ ဖန်တီးထားတဲ့ နာမည်ကြီး ရေမွှေးပညာရှင်တစ်ဦး ဖြစ်ပါတယ်။ သူမရဲ့ အခြားထင်ရှားတဲ့ ဖန်တီးမှုတွေကတော့ Bvlgari Jasmin Noir, CK Beauty, Lancome A Girl In Capri နှင့် Tiffany & Love for Him တို့ဖြစ်ပါတယ်။

Versace Dylan Turquoise ရေမွှေးကို အီတလီနိုင်ငံမှာ ပြုလုပ်ပြီး Yangon Branded က USA မှာရှိတဲ့ FragranceX (New York) က ကိုယ်တိုင်တိုက်ရိုက်တင်သွင်းထားပါတယ်။

ဒီ tester packaging မှာအဖုံးပါတာမို့ ပုလင်းက retail packaging အတိုင်းဖြစ်ပါတယ်။ အပြင်စက္ကူဗူးကပဲ tester packaging ဗူးဖြစ်နေတာပါ။ ကိုယ်တိုင်သုံးမယ်ဆိုရင် retail packaging ထက် K 60,000 လောက်ပိုသက်သာလို့ အများကြီးတွက်ချေကိုက်ပါတယ်။

Official website -

https://www.yangonbrandedperfume.com/product-page/versace-dylan-turquoise-tstpkg

အခြား In stock ရနိုင်တဲ့ Versace perfume တွေကို https://www.yangonbrandedperfume.com/versace မှာကြည့်နိုင်ပါတယ်။

Versace Dylan Turquoise EDT Perfume for Women 100ml tester packaging (with cap)

K243,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page