Rochas Man EDT Perfume for Men 100ml - K 185,000 (In stock)
Rochas Man က သမားရိုးကျ ယောက်ျားဆန်တဲ့ ရေမွှေးတွေကို စိန်ခေါ်ပြီး ခရင်မ်မီဖြစ်တဲ့ ဗနီလာ၊ ကော်ဖီနဲ့ လာဗင်ဒါတို့ကို သက်တောင့်သက်သာရှိပြီး bold ဖြစ်တဲ့ ရနံ့ တစ်ခုအနေနဲ့ ရောစပ်ထားတဲ့ ရေမွှေးတစ်မျိုးပါ။ Men's gourmand type ခေတ်ရဲ့ ရှေ့ပြေးလို့တောင်ပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ ယောက်ျားသုံးတွေမှာ ချိုမြိန်တဲ့အရသာတွေ ခေတ်မစားသေးခင်ကတည်းက ဒီရနံ့က ထွက်ခဲ့တာကြောင့်ပါ။
သာမန် woody ဒါမှမဟုတ် citrus ရနံ့တွေနဲ့ မတူဘဲ ထူးခြားတဲ့ ရနံ့တစ်မျိုးကို ရှာနေတယ်ဆိုရင်တော့ Rochas Man က လိုက်ဖက်တဲ့ရွေးချယ်မှုပါပဲ။
ပထမဆုံး ဖြန်းလိုက်တဲ့အခါ lavender နဲ့ bergamot တို့ရဲ့ရနံ့တွေကို ခံစားရမှာပါ။ လတ်ဆတ်ပြီး နည်းနည်းလေး herbal ဆန်တဲ့ ခံစားမှုကို ပေးပါတယ်။ ဒါပေမယ့် ဒီ lavender ရနံ့ဟာ ပြင်းထန်တဲ့ ရနံ့မဟုတ်ဘဲ ချောမွေ့ပြီး နွေးထွေးတဲ့ ရနံ့ပါ။
ခဏအကြာမှာတော့ coffee (cappuccino) ရနံ့တွေ ထွက်လာပါတယ်။ ဒီရနံ့ဟာ creamy ဖြစ်ပြီး စားလို့ရတယ်လို့တောင် ခံစားရပါတယ်။ ဒါ့အပြင် jasmine ရနံ့လည်း ပါဝင်တာကြောင့် နည်းနည်းလေး floral ဆန်တဲ့ လှပမှုအထိအတွေ့ကို ပေးပါတယ်။
Drydown ရောက်သွားတဲ့အခါမှာတော့ Rochas Man ရဲ့ ထူးခြားမှုက ပိုသိသာပါတယ်။ vanilla၊ sandalwood နဲ့ amber တို့ရဲ့ ရနံ့တွေဟာ ချိုမြိန်ပြီး နွေးထွေးတဲ့ ခံစားမှုကို ပေးပါတယ်။ vanilla ရနံ့ဟာ ပြင်းတဲ့ ရနံ့မျိုးမဟုတ်ဘဲ coffee ရနံ့နဲ့ လိုက်ဖက်ညီအောင် ရောစပ်ထားတာကြောင့် သက်တောင့်သက်သာရှိပြီး inviting ဖြစ်တဲ့သဘောကို ပေးပါတယ်။
ဒီရေမွှေးက အခန်းတစ်ခုလုံးကို လွှမ်းမိုးသွားတဲ့ ရနံ့မျိုးမဟုတ်ပါဘူး။ နွေးထွေးပြီး နီးနီးကပ်ကပ်နေဖို့အတွက် သင့်တော်တဲ့ ရနံ့ပါ။
Rochas Man ကို အနံ့ဆန်းဆန်းလေးတွေရှာသုံးရတာကြိုက်တဲ့ ယုံကြည်မှုရှိတဲ့ အမျိုးသားတွေ သုံးသင့်ပါတယ်။ ချိုမြိန်တဲ့ ရနံ့တွေကို ကြိုက်သူတွေ ဒါမှမဟုတ် ထူးခြားပြီး တခြားရေမွှေးတွေနဲ့မတူတဲ့ ရနံ့ကို ရှာနေသူတွေအတွက် အကောင်းဆုံးပါပဲ။ Thierry Mugler ရဲ့ A*Men ဒါမှမဟုတ် Jean Paul Gaultier ရဲ့ Le Male ကို ကြိုက်နှစ်သက်သူတွေဆိုရင် Rochas Man ကို သေချာပေါက် ကြိုက်မှာပါ။
*ဘယ်လိုအခြေအနေတွေမှာ သုံးသင့်လဲ?*
// လေအေးပေးစက်နဲ့အမြဲနေတဲ့သူတွေ - Coffee နဲ့ vanilla ရနံ့တွေဟာ အေးမြတဲ့ရာသီမှာ ပိုပြီးလှပါတယ်။
// Date night ဒါမှမဟုတ် ညနေခင်း- နွေးထွေးပြီး နှစ်လိုဖွယ်ကောင်းတဲ့ ရနံ့ဖြစ်တဲ့အတွက် အနီးအနားရောက်သူတွေကိုပါ စိတ်ချမ်းသာစေပါတယ်။
// Casual use ကနေ နည်းနည်းလေးတော့ formal ဆန်တဲ့ အခြေအနေတွေအထိ သုံးလို့ရပါတယ် - ရုံးခန်းတွေမှာလည်း သုံးလို့ရပါတယ်။ ဒါပေမယ့် ရုံးမှာသုံးမယ်ဆိုရင်တော့ နည်းနည်းလေး ခါတိုင်းသုံးတာထက် လျှော့ပြီးဖြန်းသင့်ပါတယ်။
Video review - https://youtu.be/JyZv47-gpuM
Fragrantica rating 4.2 out of 5 by 4,300+ users
Made in France
Sealed original retail packaging
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
K185,000.00Price
bottom of page