*Armani Acqua di Gio Profondo Parfum (Pure Perfume) Review*
Acqua di Giò Profondo ရဲ့ ပိုပြီးနက်ရှိုင်းတဲ့၊ classy ဖြစ်တဲ့ version လို့ ပြောလို့ရပါတယ်။ ပထမဆုံး ဖြန်းလိုက်တာနဲ့ လန်းဆန်းတဲ့ သံပယိုနဲ့ ပင်လယ်လေရဲ့ ရနံ့ကို ခံစားရမှာပါ။ လတ်ဆတ်ပြီး သိမ်မွေ့တဲ့ ရနံ့ပါ။ ခဏကြာမှာတော့မှာ မီမိုဆာပန်းလေးရဲ့ နူးညံ့ပြီး ချိုတဲ့ ရနံ့လေးရမှာဖြစ်ပြီး နောက်ဆုံးမှာ ပတ်ချူလီနဲ့ လဗ်ဒါနမ်တို့ရဲ့ နက်နဲပြီး ဆွဲဆောင်မှုရှိတဲ့ ရနံ့ကို ခံစားရမှာပါ။
ရေမွှေးအဆီပါနှုန်းမြင့်တဲ့ Parfum concentration ဆိုတော့ တော်တော်ကြာရှည်ခံပါတယ်။ ကိုယ်တိုင်စမ်းကြည့်တာက aircon အမြဲဖွင့်ထားတဲ့အခန်းထဲမှာ ၈ နာရီကနေ ၁၀ နာရီအထိ ခံပါတယ်။
ဒီရနံ့က နည်းနည်းလေးအေးနေတဲ့ရာသီဥတုနဲ့ နေရာဆိုရင် ဘယ်အချိန်မဆို သုံးလို့ရပါတယ်။ ရုံးသွား၊ အပြင်သွား၊ ညဘက်တွေ့ဆုံပွဲတွေမှာလည်း သုံးလို့ရပါတယ်။ တကယ်လို့ အရမ်းပူတဲ့နေရာတွေမှာ နေတာများတယ် အပြင်ကို ခဏခဏထွက်ရတဲ့သူဖြစ်တယ် *နေတဲ့အခန်းက အမြဲတမ်း aircon ဖွင့်ထားတာမဟုတ်ဘူး ဆိုရင်တော့ သူ့အရင်ထွက်တဲ့ ပိုပြီး fresh ဖြစ်တဲ့ Profondo Eau de Parfum ကို သုံးဖို့အကြံပြုပါတယ်။*
Armani Acqua di Giò Profondo Parfum က ရနံ့ကောင်းပြီး လူတိုင်းနီးပါးသုံးလို့ရတယ်။ ဒါပေမဲ့ *အသက် ၂၅ နှစ်နဲ့အထက် ယောက်ျားလေးတွေအတွက် ပိုပြီးအဆင်ပြေတယ်။* ဘာလို့လဲဆိုတော့ ...
လူငယ်တွေ (အသက် ၂၀ ဝန်းကျင်) သုံးလို့ရပေမဲ့ complex ဖြစ်တဲ့ ပတ်ချူလီနဲ့ လဗ်ဒါနမ်ရနံ့၊ မီမိုဆာပန်းရနံ့လေးပါတော့ နည်းနည်းလေး ရင့်ကျက်တဲ့ပုံစံမျိုး ဖြစ်နေတယ်။ အသက် ၂၀ ဝန်းကျင်က လူငယ်တွေက fresh and sweet ရနံ့၊ sporty ရနံ့မျိုးကို ပိုကြိုက်တတ်ကြတာများတယ်။ ဒါပေမဲ့ တကယ်လို့ အရမ်းချိုတာ၊ အရမ်းဆန်းတာမျိုး မကြိုက်ဘဲ ရင့်ကျက်တဲ့ရနံ့ကို ကြိုက်ရင်တော့ သုံးလို့ရပါတယ်။
*အသက် ၂၅ ကနေ ၅၀ အတွင်း အရွယ်တွေအတွက် အကောင်းဆုံးပဲ။ Freshness နဲ့ scent depth က အဆင်တည့်ကျနေတော့ ရုံးမှာလည်းသုံးလို့ရသလို၊ ပေါ့ပေါ့ပါးပါး အပြင်သွားတဲ့အခါလည်း သုံးလို့ရတယ်။*
*ဘယ်လိုအချိန်၊ ဘယ်လိုပုံစံနဲ့လိုက်လဲ?*
// ရုံးဝန်ထမ်းတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ သန့်ရှင်းပြီး ခေတ်မီတဲ့ ရနံ့ကို ကြိုက်တဲ့သူတွေအတွက် အဆင်ပြေတယ်။
// Aircon ရှိတဲ့အခန်းမှာ နေ့တိုင်းသုံးလို့ရပြီး ညဘက်လည်း သုံးလို့ကောင်းတဲ့ ရနံ့ကို လိုချင်တဲ့သူတွေအတွက် အကောင်းဆုံးပဲ။
// အရမ်းငယ်ရွယ်တဲ့၊ အရမ်းပျော်စရာကောင်းတဲ့ fun scent ပုံစံမျိုးတော့ မဟုတ်ဘူး။ ယုံကြည်မှုရှိတဲ့၊ သာယာလှပတဲ့၊ ရင့်ကျက်တဲ့ ပုံစံမျိုးကို ပိုပြီးဖော်ညွှန်းထားလို့ အဲဒါမျိုး ရနံ့ကိုရှာနေတဲ့သူတွေနဲ့လိုက်ပါတယ်။
*Armani Acqua di Gio Profondo Parfum (Pure Perfume) for Men 100ml - K 459,000 (In stock)*
Made in France
Sealed original retail packaging
https://www.yangonbrandedperfume.com/product-page/profondo-parfum
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
K459,000.00Price
bottom of page