Narciso Rodriguez Musc Noir Eau de Parfum for Women 100ml - K 450,000 (In stock)
Office မှာ sensual and attractive ဖြစ်တဲ့ ရေမွှေးသုံးချင်တယ် ဒါပေမယ့် Black Opium လိုမျိုး ပေါ်ပေါ်ထင်ထင် လူသုံးများပြီးသား sensual scent ကို မသုံးချင်ရင် femenine and sensual လဲဖြစ် discreet လဲဖြစ်တဲ့ Narciso Rodriguez Musc Noir ကိုသုံးနိုင်ပါတယ်။
ဒီရေမွှေးရဲ့ Perfumer က သူ့ချစ်သူဆီကရတဲ့ ဆွဲဆောင်မှုရှိတဲ့ ကိုယ်သင်းနံ့ကို inspiration ယူပြီး Plum, Musk, Heliotrope နဲ့ Suede ရနံ့တွေနဲ့ ဖန်တီးထားတာ ဖြစ်ပါတယ်။
_သိမ်မွေ့တဲ့ဆွဲဆောင်မှုအတွက် Narciso Rodriguez Musc Noir Eau de Parfum_
*Opening notes*
ချိုမြိန်တဲ့ Plum လေးရဲ့အငွေ့အသက်က နှာခေါင်းထဲကို တန်းဝင်လာတာ။ နည်းနည်းလေးဆန်းကြယ်ပြီး ဆွဲဆောင်မှုရှိတဲ့ opening ပါ။ အရမ်းကြီးချိုတာမျိုးမဟုတ်ဘဲ တစ်မျိုးလေးမွှေးနေတာက နောက်ကွယ်မှာရှိမယ့် ဆွဲဆောင်မှုတွေကို ကြိုပြောနေသလိုပါပဲ။
*Heart notes*
ဒီမှာတင် အစစ်အမှန် သူ့ရနံ့ရဲ့ power စတင်တာပဲ။ Sensual ကျကျ Musk နဲ့ နူးညံ့တဲ့ Heliotrope တို့ရဲ့ပေါင်းစပ်မှုက ရှယ်ပဲ။ Narciso Rodriguez ရေမွှေးတွေအားလုံးရဲ့ထုံးစံအတိုင်း Musk ကတော့ အဓိကမင်းသမီးပေါ့။ နွေးထွေးပြီး မှုန်မှုန်လေးနဲ့ အရမ်းကို ဆွဲခေါ်ချင်စရာကောင်းတဲ့ ရနံ့လေး။
အားပြင်းတဲ့ Musk မျိုးမဟုတ်ဘဲ soft ပြီး သက်တောင့်သက်သာဖြစ်စေတဲ့ ခံစားချက်မျိုးရပါတယ်။
Heliotrope ကလည်း မိန်းမဆန်တဲ့အလှကို ပိုပြီးပေါ်လွင်စေတဲ့ သိမ်မွေ့တဲ့ ပန်းရနံ့လေးနဲ့ အားဖြည့်ပေးတယ်။
*Base notes*
Musc Noir က ကိုယ်ပေါ်မှာစွဲသွားတဲ့အခါ Suede နဲ့ သစ်သားရနံ့လေးတွေက ပေါ်လာတယ်။ Suede က velvety လေးဖြစ်နေတော့ ဇိမ်ခံပြီး ချောမွေ့တဲ့ခံစားချက်ကိုပေးတယ်။ သစ်သားရနံ့လေးတွေက တည်ငြိမ်ပြီး body temperature နဲ့ ပေါင်းလိုက်တဲ့အခါ ဆွဲဆောင်မှုရှိတဲ့ကိုယ်ပိုင်ရနံ့ဖြစ်သွားဖို့ကို ပံ့ပိုးပေးတာကြောင့် မွှေးရနံ့က ကြာရှည်ခံပြီး မမေ့နိုင်စရာကောင်းတဲ့ အမှတ်တရတစ်ခုကို ချန်ထားစေတယ်။
Musc Noir က သိမ်မွေ့တဲ့ ဆွဲဆောင်မှုရဲ့ပုံရိပ်ကို ဖော်ညွှန်းတယ်။ အော်ဟစ်နေတာမျိုးမဟုတ်ဘဲ နားနားမှာ တိုးတိုးလေးပြောနေတာမျိုး။ ဒီမွှေးရနံ့က လူတွေကို ဆွဲဆောင်ပြီး ယုံကြည်မှုနဲ့ ဆွဲဆောင်မှုရှိတဲ့ aura ကို ဖန်တီးပေးတယ်။ ပြင်းထန်မှုကြောင့်မဟုတ်ဘဲ ဆွဲဆောင်မှုရှိတဲ့ နီးကပ်မှုကြောင့် စွဲမှတ်သွားစေတဲ့ ရနံ့မျိုးပါ။
Narciso Rodriguez Musc Noir က တကယ်ကို ဆွဲဆောင်မှုရှိတဲ့ musk forward ရေမွှေးရနံ့ကို တန်ဖိုးထားသူတိုင်းအတွက် must-try ပဲလို့ပြောရပါမယ်။ Date night ညဘက်တွေ ဒါမှမဟုတ် special occasion တွေအတွက် ပြီးပြည့်စုံတဲ့ ရွေးချယ်မှုပါ။ ခေတ်မီပြီး feminine ဖြစ်တဲ့ ဆွဲဆောင်မှုက အနားကပ်လာသူတွေကို ဆွဲဆောင်နိုင်မှာဖြစ်ပြီး တကယ့်လက်ရာမြောက်တဲ့ အနုပညာဆန်တဲ့ ကိုယ်သင်းနံ့တစ်ခုကို ဖန်တီးပေးမှာဖြစ်ပါတယ်။
ကိုယ့်ချစ်သူ / ကိုယ်ချစ်တဲ့သူနားမှာ နီးနီးကပ်ကပ် နေရတဲ့ / အလုပ်လုပ်ရတဲ့သူတွေ သုံးဖို့ recommend ပေးပါတယ်။
Made in Spain / Imported from USA
Sealed original retail packaging
https://www.yangonbrandedperfume.com/product-page/narciso-rodriguez-musc-noir-edp-perfume-for-women-100ml
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
K450,000.00Price
bottom of page