Lattafa His Confession Eau de Parfum for Men 100ml - K 130,000 (In stock)
Lattafa His Confession ကို 100ml တစ်ပုလင်းကို ၁၄ သိန်းကျော်တဲ့ Celine Black Tie ရဲ့ alternative တစ်ခုလို့ပြောလို့ရပါတယ်။ Celine Black Tie ကိုမသိသေးဘူးဆိုရင် သူ့အနံ့က iris အနံ့ပြင်းပြင်းလေးတွေပါတဲ့ Givenchy Gentleman Eau de Parfum / Dior Homme Intense / Valentino Uomo Intense လိုမျိုး ရေမွှေးရနံ့တွေနဲ့ တူပါတယ်။ ဒါပေမယ့် His Confession က Black Tie နဲ့ ပိုနီးစပ်ပါတယ်။ သူ့မှာပါတဲ့ iris က lipsticky ဖြစ်တဲ့ iris အနံ့မျိုးမဟုတ်ဘဲ ပိုချောမွေ့ပြီး ခရင်မ်လိုအနံ့ဖြစ်နေလို့ပါ။
*Opening notes* တွေမှာပါတဲ့ ပန်းလိမ္မော်နဲ့ လာဗန်ဒါတွေရဲ့ လတ်ဆတ်တဲ့ရနံ့ နဲ့ နွေးထွေးတဲ့ cinnamon ရနံ့တွေက စဖြန်းဖြန်းချင်းပဲ ချက်ချင်းကို လူကို impressive ဖြစ်သွားစေတယ်။ *Mid notes* တွေဖြစ်တဲ့ Iris၊ ဆိုက်ပရက်စ် နဲ့ benzoin တို့က နက်ရှိုင်းပြီး ပိုပြီးခေတ်မီတဲ့ အဆင့်ရှိတဲ့ရေမွှေးဆိုတဲ့ ခံစားချက်မျိုးကိုပေးတယ်။ နောက်ဆုံး *base notes* မှာတော့ ဗနီလာ၊ tonka bean၊ ပက်ချူလီ၊ Cedarwood၊ incense နဲ့ amber တို့ရဲ့ ချိုသင်းနွေးထွေးပြီး ယောက်ျားဆန်တဲ့ ခံစားမှုအပြည့်ရှိတဲ့အနံ့က ကြာရှည်ခံပြီး မမေ့နိုင်တဲ့ ခန့်ညားပြီး ဆွဲဆောင်မှုရှိတဲ့ အမှတ်တရ ရနံ့တစ်ခုအဖြစ်ကျန်စေခဲ့ပါတယ်။
ညဘက်တွေ၊ Date တွေနဲ့ Aircon ရှိတဲ့အခန်းအတွက် အရမ်းသင့်တော်ပြီး သူ့ရဲ့ ရဲရဲဝံ့ဝံ့ ယောက်ျားဆန်တဲ့အပြင် ကြွယ်ဝပြီးနူးညံ့တဲ့ iris အနံ့တွေက တခြားသူတွေသုံးတဲ့ ရေမွှေးတွေနဲ့မတူပဲ အထူးပေါ်လွင်နေမှာဖြစ်ပါတယ်။
Made in UAE
Sealed original retail packaging
https://www.yangonbrandedperfume.com/product-page/lattafa-his-confession
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
K130,000.00Price
bottom of page