top of page

La Rive 315 Prestige EDT Perfume for Men 100ml - K 73,000 (In stock. Made in Poland) (Discount item/No box)

Poland နိုင်ငံမှာလုပ်တဲ့ 315 Prestige EDT ကို ခေတ်မီပြီး သုံးလို့ အဆင်ပြေတဲ့ အမျိုးသားသုံး ရေမွှေးလို့ သတ်မှတ်ကြပါတယ်။ ပြည်တွင်းလုပ်ရေမွှေးတွေထက်တောင် စျေးသက်သာပြီး 212 VIP နဲ့ ရနံ့ ဆင်တူတယ်လို့ Fragrantica မှာ သုံးတဲ့သူ 40 ကျော်လောက်ကပြောထားပါတယ်။

Top note - Mint, Bergamot ( စသုံးလိုက်ချိန်မှာ လန်းဆန်းတက်ကြွတဲ့ အနံ့ပေးပါတယ်။ ပူဒီနာ က အေးမြပြီး လတ်ဆတ်တဲ့ အထိအတွေ့ကို ပေးသလို၊ ဘားဂါမုတ်သီးက ချိုမြပြီး လတ်ဆတ်တဲ့ အနံ့နဲ့ စသုံးချိန်မှာ စိတ်ကို ကြည်လင်စေပါတယ် )

Mid note - Cedarwood, Lavender ( အနံ့က တဖြည်းဖြည်း ပြောင်းလာတဲ့အခါ သစ်သားနဲ့ herbal note တွေရဲ့ အနံ့ကို ပိုရလာပါတယ်။ Cedarwood က ယောက်ျားဆန်ပြီး ခံ့ညားတဲ့ အနံ့ပေးတယ်၊ လာဗင်ဒါက နူးညံ့တဲ့ ဆေးဖက်ဝင်ပန်းအနံ့နဲ့ ရောစပ်ပေးတာကြောင့် သိမ်မွေ့ပြီး မျှတတဲ့ အနံ့ဖြစ်စေပါတယ် )

Base note - Vanilla, Amber ( နောက်ဆုံးမှာတော့ နွေးထွေးပြီး အနည်းငယ်ချိုတဲ့ အနံ့ကို ရပါတယ်။ ဗနီလာက ရေမွှေးကို ပိုပျော့ပျောင်းစေပြီး ချိုအီအီလေး ဖြစ်စေတယ်။ အမ်ဘာက နွေးထွေးမှုနဲ့ လေးနက်မှုကို ထည့်ပေးတာကြောင့် ရေမွှေးက ကြာရှည်ခံပြီး သက်တောင့်သက်သာ ဖြစ်စေပါတယ် )

✔️ ဈေးနှုန်းသက်သာတယ်

✔️ အခြေအနေမျိုးစုံမှာ သုံးလို့ရတယ်

✔️ လတ်ဆတ်မှုနဲ့ နွေးထွေးမှု မျှတတယ်

✔️ ဈေးသက်သာတဲ့ ရေမွှေးတစ်ခုအတွက် အရည်အသွေးကောင်းတယ်

❌ အရမ်းထူးခြားတဲ့ အနံ့မျိုးတော့ မဟုတ်ဘူး

ဒီရေမွှေးက လုပ်ငန်းခွင်သုံးဖို့နဲ့ ပေါ့ပေါ့ပါးပါး အပြင်ထွက်တဲ့အခါတွေမှာ အဆင်ပြေပါတယ်။ ဈေးနှုန်းကလဲ အရမ်းသက်သာပါတယ်။ ဈေးသက်သာပြီး ဘက်စုံသုံးလို့ရတဲ့ ရေမွှေးကို ရှာနေတယ်ဆိုရင် ဒါက ရွေးချယ်စရာ ရေမွှေးကောင်းတစ်ခုပါ။

La Rive ရေမွှေးများကို European Union အတွင်းမှာရှိတဲ့ Poland နိုင်ငံမှာ ပြုလုပ်တာဖြစ်တဲ့အတွက် International Fragrance Association (IFRA) ရဲ့ စံချိန်စံညွှန်းများအတိုင်း စံနစ်တကျဖန်တီးထားတာဖြစ်ပါတယ်။ ဒါကြောင့်အရည်အသွေးကို စိတ်ချစွာသုံးစွဲနိုင်ပါတယ်။

 

Country of origin - Poland/European Union

Imported from USA (FragranceX New York)

Unboxed Item ဖြစ်တဲ့အတွက် အပြင်မှာစက္ကူဗူးမပါပါဘူး။ ကိုယ်တိုင်သုံးတဲ့သူတွေကိုပဲ recommend လုပ်ပါတယ်။

https://www.yangonbrandedperfume.com/product-page/la-rive-315-prestige-edt-perfume-for-men-100ml

In stock ရှိတဲ့ La Rive perfume အားလုံးကို Yangon Branded website မှာကြည့်နိုင်ပါတယ် - https://www.yangonbrandedperfume.com/larivepoland

La Rive 315 Prestige EDT Perfume for Men 100ml Unboxed

K73,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page