top of page

Dior Hypnotic Poison Eau de Parfum for Women 100ml - K 646,000 (In stock)

စစဖြန်းခြင်းမှာ ချိုတဲ့ Licorice နဲ့ ဆိမ့်အေးလေးဖြစ်တဲ့ Almond / ခဏအကြာမှာ floral note တွေဖြစ်တဲ့ Jasmine Sambac စံပယ်ရနံ့ နဲ့ Orange Blossom ရနံ့တွေရလာပါတယ် / နောက်ဆုံးအဆင့်မှာ သူ့ရဲ့အဓိက player တွေလို့ပြောလို့ရမယ့် ဆိမ့်ချိုပြီးမွှေးတဲ့ Vanilla နဲ့ Tonka Bean scent တွေပေါ်လာပါတယ်။

ဟိုးအရင်ကထွက်တဲ့ poison ရေမွှေးထက်စာရင်သူက ပိုချိုတယ်လို့ ပြောလို့ရမှာပါ။ စစဖြန်းတဲ့အချိန်မှာထွက်လာတဲ့ licorice ရနံ့ကလည်းချိုတဲ့ရနံ့ဖြစ်ပါတယ်။ Base note ပါတဲ့ vanilla နဲ့ tonka note တွေကလည်း ချိုအီ မွှေးတဲ့ တွေဖြစ်တာကြောင့် ဒီလိုမျိုး အရသာရှိရှိချိုဆိမ့်နေတဲ့ရေမွှေးကြိုက်သူတွေဆိုရင် ကွက်တိလိုက်ဖက်နေပါတယ်။

ဒါကြောင့်ဒီ ပြင်သစ်ရေမွှေးကိုသုံးထားရင် ဘေးလူတွေသေချာပေါက်သတိထားမိမယ့် ဆွဲဆောင်မှုအပြည့်ရှိတဲ့ rich and sensual ဖြစ်တဲ့ရနံ့ကိုရမှာဖြစ်ပြီး လုံလုံလောက်လောက်ဆွတ်ထားရင်နေ့ခင်းညနေအထိ အကြာကြီးလဲခံပါတယ်။

ဒီရေမွှေးချိုတဲ့အချိုက ဈေးသက်သာတဲ့ အရည်အသွေးပိုနိမ့်တဲ့ ရေမွှေးတွေချိုတာမျိုးမဟုတ်ပါဘူး။ ဆွဲဆောင်မှုအပြည့်ရှိတဲ့ ချိုတဲ့အီတဲ့ ရနံ့ပိုရအောင်အနားကိုတိုးလာချင်အောင်ဆွဲဆောင်နိုင်တဲ့ creamy gourmand type ဖြစ်ပါတယ်။

Dior က captive aromatic compound လို့ခေါ်တဲ့ သူတို့မှာပဲရှိတဲ့ ပါဝင်ပစ္စည်းတွေအများကြီးကို ဒီရေမွှေးမှာသုံးထားပါတယ်။ Floral note မှာပါတဲ့ပန်းတွေကအစ သူတို့ကိုယ်တိုင်ပြင်သစ်နိုင်ငံမှာ စိုက်တာဖြစ်ပါတယ်။ Vanilla ရနံ့ကိုထုတ်ယူရမှာလည်း ကမ္ဘာပေါ်မှာအကြီးဆုံးရနံ့ထုတ်လုပ်သူကုမ္ပဏီတွေဆီက အရည်အသွေးအကောင်းဆုံး vanilla extract ကိုယူထားတာဖြစ်ပါတယ်။

ပုလင်းနဲ့ ပုလင်းကိုထုတ်ပိုးထားတဲ့စက္ကူဘူးတွေကလည်း Dior ရဲ့ စံချိန်အတိုင်းသေသပ်လှပပြီး သုံးထားတဲ့အရောင် tone တွေကလည်း ရေမွှေးရဲ့ဆွဲဆောင်မှုရှိတဲ့စွမ်းအားကို indicate လုပ်ထားတဲ့ နီညိုရောင်ကာလာ tone တွေကို သုံးထားပါတယ်။

ရနံ့ quality မြင့်တဲ့ရေမွှေးဖြစ်လို့ နေရာမရွေးအချိန်မရွေးသုံးနိုင်ပေမယ့် ပိုအဆင်ပြေလိုက်ဖက်အောင် aircon အခန်းတွေမှာနဲ့ ညနေပိုင်း ညပိုင်း အိပ်ရာဝင်ချိန်တွေသုံးရင်း သူ့ရဲ့ ဆွဲဆောင်မှုကိုပိုပြီးအားဖြည့်ပေးနိုင်မှာဖြစ်ပါတယ်။ နေအရမ်းပူရင်တော့ စွမ်းအားမြင်တဲ့ရေမွှေးတွေရဲ့ထုံးစံအတိုင်း သိပ်အဆင်ပြေမှာမဟုတ်ပါဘူး။

ရုံးသုံးအနေနဲ့လုံးဝသုံးနိုင်ပြီး ကိုယ်ရုံးခန်းအပူချိန် အခန်းအကျယ်အဝန်း ကိုယ်နဲ့တခြားသူတွေကြားဘယ်လောက်ဝေးဝေးနေရတာ ဆိုတာတွေကိုမူတည်ပြီး ဘယ်နှစ်ချက် သုံးမယ်ဆိုတာကို ကိုယ်တိုင် instinct နဲ့ဆုံးဖြတ်နိုင်ပါတယ်။

ဒီရေမွှေးကိုဖန်တီးသူ Francois Demachy က Dior မှာ ၂၀ဝ၆ ခုနှစ်ထဲက ပင်တိုင်ရေမွှေးပညာရှင်ဖြစ်ခဲ့ပြီး အဲဒီမတိုင်ခင်မှာ Chanel မှာ ၂၄ နှစ်တိုင်တိုင် လုပ်ခဲ့တဲ့ ကမ္ဘာ့ထိပ်တန်းပညာရှင်မို့ သူ့လက်ရာတွေ ထူးထူးခြားခြားကောင်းလွန်းနေတာ မဆန်းပါဘူး။

မြန်မာမှာလူတိုင်းနီးပါးသိတဲ့ Dior Sauvage series, Dior Homme, Miss Dior, Blooming Bouquet, Poison Girl, Midnight Poison, J'adore, Joy, Hypnotic Poison, Fahrenheit Le Parfum အပါအဝင် ရောင်းအားအကောင်းဆုံး ရေမွှေး ၂၀ဝ ကျော်ကိုဖန်တီးခဲ့သူရဲ့ လက်ရာမို့ ထွက်ထွက်ခြင်းကစပြီး ဒီနေ့အထိ high quality beast mode scent ရေမွှေးကြိုက်သူတွေရဲ့ first choice ဖြစ်နေတာပါ။

Official website -

https://www.yangonbrandedperfume.com/product-page/dior-hypnotic-poison

Made in France

Sealed original retail packaging

Dior Hypnotic Poison Eau de Parfum for Women 100ml

K646,000.00Price
    bottom of page