Chloe Nomade Nuit d’Égypte Eau de Parfum for Women 50ml - K 260,000 (In stock)
Chloé ရဲ့ Nomade Nuit d’Égypte ဆိုတာ ဟိုးအရင် အီဂျစ်ရေမွှေးအနုပညာကို ပြန်လည်အမှတ်ရစေပြီး ခေတ်နဲ့လည်း လိုက်ဖက်ညီအောင် ပြန်ပြီးဖန်တီးထားတဲ့ ရေမွှေးလေးတစ်မျိုးပဲ။ ဒီရေမွှေးကို ဖန်တီးသူကတော့ နာမည်ကြီး ရေမွှေးပညာရှင် Juliette Karagueuzoglou ဖြစ်ပါတယ်။ သူက ဟိုးအရင်က အသုံးပြုခဲ့တဲ့ "kyphi" လို့ခေါ်တဲ့ အမွှေးရနံ့အမျိုးအစားကို ခေတ်ပေါ်အနံ့အနေနဲ့ ပြန်ပြီးပုံဖော်ထားတာပါ။ တော်တော်လေး စိတ်ကူးကောင်းတဲ့ ဖန်တီးမှုလို့ ပြောလို့ရတယ်။
Top Notes - Myrrh, Ginger, Cinnamon, Broom Flower Nectar – ပထမဆုံး ရှူလိုက်တာနဲ့ နွေးထွေးပြီး ဆွဲဆောင်မှုရှိတဲ့ အနံ့လေးကို ခံစားရမယ်။ စပ်တဲ့အနံ့လေးရယ်၊ ပျားရည်လို ချိုမြတဲ့ အထိအတွေ့လေးရယ်က ချက်ချင်းကို စိတ်ကို ကြည်လင်သွားစေတယ်။
Heart Notes - Egyptian Orange Blossom Absolute – အလယ်မှာတော့ နိုင်းလ်မြစ်ကမ်းဘေးက လိမ္မော်ပွင့်လေးတွေရဲ့ သာယာလှပတဲ့အနံ့ကို အပြည့်အဝ ခံစားရမယ်။ တကယ့်ကို လန်းဆန်းပြီး သက်တောင့်သက်သာဖြစ်စေတဲ့ အနံ့မျိုးနော်။
Base Notes - Cypriol, Opopanax, Vanilla – နောက်ဆုံးအဆင့်အနေနဲ့ကတော့ နက်ရှိုင်းပြီး နွေးထွေးတဲ့ အနံ့လေးတွေ ပါဝင်တယ်။ Oriental note ဖြစ်တဲ့ balsamic ambery ခံစားမှုအပြင် Vanilla ရဲ့ ချိုမြတဲ့ အထိအတွေ့က တကယ့်ကို နူးညံ့ညင်သာပြီး ဆွဲဆောင်မှုရှိတဲ့ အဆုံးသတ်ကို ပေးစွမ်းနိုင်တယ်။
ပုလင်းဒီဇိုင်းနဲ့ ထုပ်ပိုးမှု
ဒီရေမွှေးရဲ့ ပုလင်းဒီဇိုင်းကလည်း အီဂျစ်ရဲ့ လွှမ်းမိုးမှုကို ပြနေတယ်။ နိုင်းလ်မြစ်ရဲ့ အသက်ဝင်မှုကို ကိုယ်စားပြုတဲ့ "Egyptian blue" အရောင်နဲ့ ကျစ်ထားတဲ့ ကြိုးလေးက အရမ်းလှတယ်။ ဒီအလှတရားကို ထုပ်ပိုးမှုမှာလည်း ထည့်သွင်းထားတာကြောင့် အီဂျစ်ရဲ့ အနုပညာလက်ရာကို ခံစားရစေတယ်။ တကယ့်ကို အသေးစိတ်ကို ဂရုတစိုက် ဖန်တီးထားတာ တွေ့ရတယ်။
အနံ့ခံနိုင်ရည်နဲ့ ပျံ့နှံ့မှု
Nomade Nuit d’Égypte က အနံ့ခံနိုင်ရည် အသင့်အတင့်ရှိတယ်။ နာရီအတော်ကြာတဲ့အထိ အနံ့က ကျန်ရှိနေပြီး ဖြည်းဖြည်းချင်း ပျော့ပျောင်းသွားတဲ့ သဘောရှိတယ်။ အနံ့က သိပ်ပြင်းရှရှကြီး မဟုတ်ဘဲ လူကြားထဲ သွားရင် သတိထားမိလောက်တဲ့အထိပဲ။ ဒါကြောင့် နေ့ဘက်ရော ညဘက်ပါ သုံးလို့ အဆင်ပြေတယ်။ ဒါပေမဲ့ တချို့လူတွေအတွက်တော့ တစ်နေကုန် အနံ့သင်းနေချင်ရင် ပြန်ဖြန်းပေးဖို့ လိုနိုင်တယ်။
ဒီရေမွှေးလေးကတော့ classic အစဉ်အလာနဲ့ ခေတ်မီဆန်းသစ်မှုတို့ ပေါင်းစပ်ထားတဲ့ ရေမွှေးကောင်းတစ်ခုပဲလို့ ပြောလို့ရတယ်။ အရှေ့တိုင်းဆန်တဲ့ အနံ့နဲ့ Balsamic ရဲ့ ထူးခြားတဲ့ ပေါင်းစပ်မှုမှာ spice အနံ့လေးတွေနဲ့ ပန်းပွင့်အနံ့လေးတွေကလည်း လှပစွာ ပါဝင်နေတယ်။ တကယ့်ကို အနံ့သစ်ဆန်းကြီးတော့ မဟုတ်ပေမဲ့ သူ့ရဲ့ သေသပ်တဲ့ ဖန်တီးမှုနဲ့ သမိုင်းကြောင်းကို ပြန်ပြောင်းသတိရစေတဲ့ အချက်တွေကြောင့် ရေမွှေးစုဆောင်းသူတိုင်းအတွက် တန်ဖိုးရှိတဲ့ ရွေးချယ်မှုတစ်ခု ဖြစ်မှာ သေချာတယ်။
ဘယ်လိုလူမျိုးတွေ ဒီရေမွှေးကို ကြိုက်မလဲ
Chloé Nomade Nuit d’Égypte က အသက် ၂၅ နှစ်အထက် အမျိုးသမီးတွေအတွက် အထူးသင့်တော်ပါတယ်။ ခေတ်မီဆန်းပြားပြီး နွေးထွေးတဲ့အပြင် နည်းနည်းလေး လျှို့ဝှက်တဲ့ အနံ့မျိုးကို ကြိုက်နှစ်သက်တဲ့သူတွေ သဘောကျမှာပါ။ Smart ဖြစ်သလို sensual လည်းဖြစ်ပြီး သမိုင်းအငွေ့အသက်လေးကို ခံစားချင်တဲ့သူတွေအတွက် အကောင်းဆုံး ရွေးချယ်မှုတစ်ခုပါပဲ။
ဘယ်လိုအချိန်အခါမျိုးတွေနဲ့ သင့်တော်လဲ
// ချစ်သူနဲ့ ညစာစားပွဲတွေ၊ တရားဝင် တွေ့ဆုံပွဲတွေ၊ ညဘက် အပြင်သွားတဲ့အခါတွေနဲ့ အထူးသင့်တော်တယ်။
// မင်္ဂလာဆောင်ပွဲတွေ၊ နှစ်ပတ်လည်ပွဲတွေ ဒါမှမဟုတ် formal wear နဲ့တက်ရတဲ့ အခမ်းအနားတွေအတွက်လည်း သုံးလို့ကောင်းတယ်။ လေအေးပေးစက်ဖွင့်ထားတဲ့ နေရာတွေမှာဆိုရင် ဒီရေမွှေးရဲ့ နွေးထွေးပြီး အမွှေးအကြိုင်ဆန်တဲ့ အနံ့လေးက ပိုပြီး ပေါ်လွင်ထွက်ပေါ်လာမှာပါ။
Guerlain Shalimar / Tom Ford Noir de Noir / Amouage Memoir Woman / Diptyque Eau Duelle /
Yves Saint Laurent Manifesto L'Élixir / Bvlgari Le Gemme Amarena နဲ့ Serge Lutens Ambre Sultan ရေမွှေးတွေလို အနံ့နွေးနွေးထွေးထွေး နက်နက်ရှိုင်းရှိုင်းရနံ့တွေကို ကြိုက်နှစ်သက်တယ်ဆိုရင် Chloé Nomade Nuit d’Égypte ကိုလည်း သဘောကျမှာပါ။
Made in Spain
Sealed original retail packaging
https://www.yangonbrandedperfume.com/product-page/chloe-nuit-d-egypte
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
K259,000.00Price
bottom of page