top of page

Carolina Herrera 212 VIP Black Eau de Parfum for Men 100ml Tester Packaging - K 278,000 (In stock)

Eau de parfum concentration ဖြစ်တဲ့ Carolina Herrera 212 VIP Black ရဲ့ Top note မှာ absinthe drink၊ anise နှင့် စမုန်နက် ရနံ့တွေပါပြီး middle note က လာဗင်ဒါ နဲ့ base note မှာ vanilla နဲ့ musk ရနံ့တွေဖြစ်ပါတယ်။

စစဖြန်းလိုက်ရင် fresh ဖြစ်တဲ့ herbaceous green ရနံ့မျိုးခံစားရမှာပါ။ Absinthe ကရမယ့် herbal liquor အနံ့က အရမ်း bitter ဖြစ်မနေပဲ lavender ကလဲ တစ်ချို့ရေမွှေးတွေလို စူစူးရှရှပန်းနံ့ မဟုတ်ပါဘူး။ vanilla ရနံ့ကလဲသင်းသင်းလေးလောက်ပဲပါတာပါ။ lavender နဲ့ vanilla နှစ်မျိုးပေါင်းက နဲနဲချိုပြီး နဲနဲ fruity ဖြစ်တဲ့ impression ကိုပေးပါတယ်။ ဒီလိုချိုချိုမွှေးမွှေးရနံ့နဲ့ top note မှာပါရဲ့ Absinthe ရနံ့နဲ့ပေါင်းလိုက်တဲ့အခါမှာ ထွက်လာတဲ့ ချိုမွှေးတဲ့ alcoholic boozy sweet က ဖြန်းထားတဲ့နေရာကို ခဏခဏ ပြန်နမ်းချင်အောင် ဆွဲဆောင်အားကောင်းပါတယ်။

သေသေချာချာအနံ့ခံကြည့်ရင် woody ဖြစ်တဲ့ ambergris ရနံ့ကိုလဲ ရနိုင်မှာဖြစ်ပါတယ်။ Scent component အားလုံးကို ultra smooth ဖြစ်အောင် blend လုပ်ထားပြီး 212 series မှာပါတဲ့ရေမွှေးအားလုံးလိုပဲ လူတိုင်းကြိုက်အောင် ဖန်တီးထားတဲ့ crowd pleasing ရေမွှေးနောက်တစ်မျိုး ဖြစ်ပါတယ်။

ပုလင်းကလဲ stylish and heavy ဖြစ်တဲ့ black glass ဖြစ်ပြီးအဖုံးက magnetic cap ဖြစ်ပါတယ်။

Tester packaging ဆိုပေမယ့်လဲ cap (အဖုံး) ပါပြီမို့ retail bottle နဲ့ဘာမှသိပ်မကွာပါဘူး။ အပြင်ဘူးခွံလေးက ရိုးရိုးကတ္တူဗူး အဖြူဖြစ်နေပဲကွာသွားတာပါ။ Retail packaging ထက် တစ်သိန်းကျော်သက်သာတဲ့အတွက် ကိုယ်တိုင်သုံးမယ်ဆိုရင်အရမ်းတန်တဲ့ value buy item ဖြစ်ပါတယ်။

Made in Spain

https://www.yangonbrandedperfume.com/product-page/carolina-herrera-212-vip-black

Video review -

https://youtu.be/6RUs31EiqKk

Carolina Herrera 212 VIP Black Eau de Parfum for Men 100ml Tester Packaging

K278,000.00Price
    bottom of page