top of page

Calvin Klein Euphoria EDT Perfume for Men

# 100ml - K 213,000

# 10ml decant (glass sprayer) - K 26,000

# 10ml decant (aluminium sprayer) - K 29,000

Classic iconic ရေမွှေးတစ်ခုလည်းဖြစ် ကိုယ်တိုင် ၁၀နှစ်ကျော်သုံးလာတဲ့ ရေမွှေးလည်းဖြစ်တဲ့ Calvin Klein Euphoria Men ရဲ့အကြောင်းကို ပြောပြချင်ပါတယ်။

Fresh woody-aromatic အမျိုးအစားရနံ့ဖြစ်ပြီး လူတိုင်းအရွယ်တိုင်းကြိုက်ကြတဲ့ ရေမွှေးမို့ ၂၀ဝ၆ ခုနှစ်ကနေ ယခုထိ နာမည်ရနေဆဲဖြစ်ပြီး ယောက်ျားပီသစွာဆွဲဆောင်မှုကိုပေးနိုင်တဲ့ရနံ့ရှိပါတယ်။

သူ့ရဲ့ top note မှာပါတဲ့ fresh ginger ရနံ့၊ sweet nutty ရနံ့ ရှိတဲ့ Cardamom နဲ့ နဲနဲပူပူရှိမ်းရှိမ်းဖြစ်တဲ့ pepper ရနံ့တွေရောပြီး ပေါင်းထားတဲ့ရနံ့က ဘယ်ရေမွှေးနဲ့မှမတူပဲ တော်တော် invigorating and refreshing ဖြစ်ပြီး နဲနဲချို နဲနဲ spicy ဖြစ်တဲ့ အရမ်း အရမ်းကောင်းတဲ့ opening ဖြစ်ပါတယ်။

Top note က citrus based ရေမွှေးတွေလို ချက်ချင်းပျောက်မသွားပဲ အချိန်တော်တော် ကြာကြာရှိနေပြီး အခုလိုနေပူလို့ စိတ်ညစ်နေချိန် down နေချိန်မှာကို mocktail ချိုအေးမွှေးလေး တစ်ခွက်သောက်လိုက်ရသလို လူကိုပြန်လန်းလာအောင်လုပ်ပေးနိုင်တဲ့ smooth and calming အဖွင့် ဖြစ်ပါတယ်။

Calvin Klein Euphoria ရဲ့ middle note တွေကတော့ ယောက်ျားဆန်သော မွှေးရနံ့ကို ပေးတဲ့ herbal note ထွက်စေတဲ့ black basil ပင်စိမ်းနက်၊ ရေမွှေးကို depth and complexity တိုးအောင်လုပ်ပေးတဲ့ woody cedar note နဲ့ green, earthy note ရတဲ့ sage ရနံ့တွေဖြစ်ပါတယ်။

Base note တွေက ပယင်း၊ suede နှင့် ပက်ချူလီတို့ဖြစ်ပါတယ်။ Amber ရနံ့က ရေမွှေးသုံးထားတဲ့သူက နွေးထွေးပြီး အရည်အသွေးကောင်းတဲ့ expensive ဖြစ်တဲ့ ရနံ့ကို သုံးထားသလိုခံစားရစေမှာဖြစ်ပြီး Suede ရနံ့က နူးညံ့ချောမွေ့တဲ့ leather ရနံ့လိုလို musk ရနံ့လိုလို ဖော်ပြဖို့ခက်တဲ့ friendly and cosy ဖြစ်တယ်ဆိုတဲ့ impression ကိုပေးနိုင်တဲ့ fragrance note တစ်ခုဖြစ်ပါတယ်။

Patchouli က ရေမွှေးကို earthy, woody ဖြစ်အောင်ကူညီပေးပါတယ်။ရေမွှေးမှာပါတဲ့ ရနံ့မော်လီကျူးတွေကို တော်တော်ချိန်ဆပြီးထည့်ထားတာမို့ note တစ်ခုချင်းက ထိုးထွက်ပြီး အနံ့စူးအောင် ပြင်းအောင် လုံးဝမလုပ်ထားပါဘူး။

ခုနောက်ပိုင်းရေမွှေးတွေလို ambroxan တို့ strong citrus တွေတို့ ရနံ့ sensitive ဖြစ်တဲ့လူတွေ မကြိုက်နိုင်မဲ့ ရနံ့ပေါင်းတွေ လုံးဝမပါလို့ intimate situation ၊ dating နဲ့ date night တွေမှာ စိတ်ချလက်ချသုံးနိုင်ပါတယ်။၂၀ဝ၆ မှာ စပြီးဖန်တီးခဲ့တဲ့ရေမွှေး ဖြစ်ပေမယ့် လုံးဝ dated feel မရပဲ နောက် ၁၀ နှစ် အနှစ် ၂၀ မှာတောင် သုံးလို့ရမယ့် timeless classic ဖြစ်ပါတယ်။

D&G The One လိုမျိုး intimate alluring scent တွေကြိုက်တဲ့သူတွေဆို Euphoria Men နဲ့ကွက်တိဖြစ်မှာဖြစ်ပြီး ရုံးသုံးသုံးမယ်ဆိုရင်လဲ Sauvage တို့ CDNIM တို့ BR540 တို့ကိုပဲ လူတိုင်းနီးပါးသုံးနေတဲ့ အခုလိုနှစ်တွေမှာ ထူးထူးခြားခြား I do what I want and don't follow the crowd scent ဖြစ်နေမှာဖြစ်လို့ ပိုပြီးတောင် compliment တွေရမှာပါ။

Longevity ပိုကောင်းအောင် နေ့လည် နဲ့ ကိုယ်လိုချင်တဲ့အချိန်မှာ (meeting ဝင်ခါနီး၊ ကိုယ် impress ဖြစ်ချင်တဲ့သူ တစ်ယောက်နဲ့တွေ့ခါနီး မျိုးမှာ) refresh လုပ်ဖို့ decant လေး ခွဲပြီးတော့ဆောင်ထားလိုက်ရင် အရမ်းကောင်းလွန်းတဲ့ top လေးတွေကို respray လုပ်တိုင်း ခံစားနေရမှာဖြစ်ပါတယ်။

CDNIM တို့ 1 Million တို့လို အပြင်းစားတွေကို ကြိုက်ရင် longevity အရမ်းကောင်းမှဆိုရင်တော့ ဒီရေမွှေးနဲ့ ကိုက်မှာမဟုတ်ပါဘူး။ အနံ့ပြင်းတွေမကြိုက်သူ၊ ရေမွှေးသုံးရင် aromatherapy လိုမျိုး calming effect ကိုပါရချင်တဲ့သူ၊ ဘေးလူတွေက ကိုယ့်ရေမွှေးကို ကောင်းလိုက်တာလို့ ပြောတာကိုကြိုက်တယ်ဆိုရင်တော့ crowd pleasing လဲဖြစ် compliment magnet လဲဖြစ်တဲ့ Euphoria Men ကို သုံးကြည့်ပါ။

https://www.yangonbrandedperfume.com/product-page/calvin-klein-euphoria-men

Made in Spain

Sealed original retail packaging

ထုတ်ပိုးပုံဒီဇိုင်း သေသပ်ခံ့ငြားပါတယ်။ ပုလင်းကို ထူပြီး အရည်အသွေးမြင့်တဲ့ ဖန်သားနှင့် စတီးပေါင်းစပ် ဒီဇိုင်းလုပ်ထားကြောင့် လှပပြီး အကြမ်းခံနိုင်ပါတယ်။

CALVIN KLEIN - Euphoria Men EDT Perfume 100ml

K213,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page