top of page

Aqua Quorum EDT Perfume for Men (Made in Spain)

# 30ml decant (glass sprayer) - K 43,000

# 10ml decant (glass sprayer) - K 18,000

# 10ml decant (aluminium sprayer) - K 21,000

Aqua Quorum ဆိုတာ ၁၉၉၀ ခုနှစ်တွေက ထွက်ခဲ့တဲ့ တကယ်ကောင်းပြီး လူသိပ်မသိသေးတဲ့ hidden gem တစ်ခုပါ။ နာမည်ကြီး ရေမွှေးဖန်တီးသူ သုံးယောက်ဖြစ်တဲ့ Alberto Morillas၊ Harry Fremont နဲ့ Rosendo Mateu တို့ ဖန်တီးခဲ့တာပါ။ ၃ယောက်လုံးက နာမည်အကြီးဆုံး ရေမွှေးပညာရှင်တွေ ဖြစ်တဲ့အတွက် ရေမွှေးဝါသနာရှင်တိုင်းက သူတို့ဘယ်သူတွေဆိုတာ သိကြမယ်လို့ထင်ပါတယ်။

ပုံမှန် ယောက်ျားလေးသုံး ရေမွှေးတွေလိုပဲ basic freshess ရှိပေမယ့် နွေးထွေးပြီး ကြမ်းတမ်းတဲ့ အငွေ့အသက်လေးလည်း ပါနေတာကြောင့် သာမန် ရေမွှေးတွေထက် ပိုပြီး ထူးခြားပါတယ်။

Opening - Lavender နဲ့ Freesia note တွေပါလို့သန့်ရှင်းပြီး ဆပ်ပြာနံ့လေးလို soapy freshness လေးနဲ့စဖွင့်ပါတယ်။ ပေါ့ပါးပြီး light ဖြစ်သလို lavender ကြောင့် မွှေးရနံ့သိမ်သိမ်လေး ခံစားရပါတယ်။

Mid - ခဏအကြာမှာတော့ Grapefruit နဲ့ Geranium တို့ ရောထားတဲ့ citrus နဲ့ ပန်းရနံ့လေးက crisp and slightly spicy ရနံ့ဖက်ပြောင်းသွားတယ်။

Base - ဒီနေရာမှာ Aqua Quorum က တခြား ရေမွှေးတွေနဲ့ မတူတော့ပါဘူး။ လန်းဆန်းပြီး အိုဇုန်းနံ့ သက်သက် မဟုတ်ဘဲ Oakmoss, Amber, နဲ့ Leather တို့ရဲ့ နွေးထွေးပြီး ပိုပြီး ခေတ်မီတဲ့ base ရနံ့ကို ခံစားရပါတယ်။ ခြောက်သွေ့ပြီး မြေကြီးနံ့လေးလို ခံစားရပြီး ရေမွှေးကို ပိုပြီး နက်ရှိုင်းစေပါတယ်။

// ရေမွှေးမှာ water note ရဲ့ အငွေ့အသက်တွေ ပါဝင်ပေမယ့် ပင်လယ်နံ့သက်သက်ထက် aromatic-fougère ပုံစံကို ပိုပြီး ဦးစားပေးထားပါတယ်။

// အဆုံးပိုင်းမှာပါတဲ့ လယ်သာနဲ့ oakmoss ရနံ့တို့ကြောင့် regular fresh scent တွေထက် ပိုပြီး ရင့်ကျက်ပြီး သိမ်မွေ့တဲ့ ခံစားချက်ကို ပေးပါတယ်။

// နေ့ခင်းဘက်သုံးဖို့ / ရုံး၊ အပြင်သွားတာ၊ ဒါမှမဟုတ် အလုပ်ကိစ္စတွေအတွက် အကောင်းဆုံးပါ။ သန့်ရှင်းပြီး တက်ကြွတဲ့ ခံစားချက်ကို ပေးတာကြောင့် အားကစားလုပ်ပြီး ဒါမှမဟုတ် မနက်လမ်းလျှောက်ချိန်တွေအတွက် အရမ်းကောင်းပါတယ်။

*Davidoff Cool Water နဲ့ တူလား*

Aqua Quorum နဲ့ Cool Water မှာ Lavender, Oakmoss, နဲ့ Citrusy စတဲ့ လန်းဆန်းပြီး aromatic ဖြစ်တဲ့ note တွေ တူညီကြပေမယ့် လုံး၀ ကွက်တိအတူတူတော့ မဟုတ်ပါဘူး။

Cool Water က ပိုပြီး aquatic scent ပိုဆန်ပြီး အိုဇုန်းနံ့၊ ပူစီနံနဲ့ sea note နံ့တွေ ပိုပြင်းပါတယ်။ Aqua Quorum က ပိုပြီး citrusy-spicy သွင်ပြင်ရှိပြီး နွေးထွေးတဲ့ လယ်သာနံ့ဆန်ဆန် ရနံ့နဲ့ အဆုံးသတ်ပါတယ်။

Cool Water ကို ကြိုက်ပေမယ့် လူသိသိပ်မများဘဲ ပိုပြီး သိမ်မွေ့တဲ့ အမျိုးသားရေမွှေးတစ်ခုခုကို လိုချင်ရင် Aqua Quorum က ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခုပါ။ Cool Water ကို ကြိုက်ပေမယ့် နည်းနည်းလေး ပိုပြီး ထူးခြားချင်ရင် ဒါကို စမ်းကြည့်သင့်ပါတယ်။

ဒီတစ်မျိုးက ဝယ်လို့မရလောက်အောင် ရှားသွားပြီဖြစ်တဲ့အတွက် အခု decant တွေပဲရပါတော့မယ်။ Full size ပုလင်းကြီးကတော့ ဝယ်လို့မရတော့ပါဘူး။

https://www.yangonbrandedperfume.com/product-page/aqua-quorum

မှာချင်ရင် Viber number 0943065356 ကနေ Customer Service ကို ဆက်သွယ်လို့ရပါတယ်။

Aqua Quorum EDT Perfume for Men 30ml decant

K43,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page