ရေမွှေးတော်တော်များများက အသေအချာသိမ်းမယ်ဆိုရင် နှစ်ပေါင်းများစွာမူလအတိုင်း မပျက်စီးပဲရှိနိုင်ပါတယ်။ ကြာရှည်ခံစေဖို့ အောက်မှာပြောထားတဲ့အချက်တွေကို လေ့လာကြည့်ပါ။ 1) ခြောက်သွေ့ပြီး အေးမြသောနေရာမှာထားပါ။ အလွယ်ဆုံးကတော့ အဝတ်ဗီဒိုထဲမှာသာထည့်ထားလိုက်ပါ။ အထူးတလယ် နေရာရှာမလိုပဲ အဆင်ပြေပါတယ်။ 2) နေ၊ တိုက်ရိုက်အလင်းရောင်ပြင်းပြင်း မထိပါစေနဲ့။ အပူရှိန်ကြောင့် ရေမွှေးများဓာက်ပြိုကွဲပြီး ရနံ့ပြောင်းသွားတတ်ပါတယ်။ မှန်တင်ခုံပေါ်မှာထားတဲ့ဆိုရင် တချို့မှန်တင်ခုံတွေမှ မီးတွေတပ်ထားတာမို့ ရေမွှေးထားဖို့ အရမ်းမကောင်းဖူးလို့တော့ထင်ပါတယ်။ 3) တတ်နိုင်သမျှလေလုံအောင်ထားပါ။ ရေမွှေးဗူးတွေကို zip lock လေလုံအိတ်လေးတွေနဲ့ ထည့်ထားနိုင်ရင်ပိုကောင်းပါတယ်။ 4) စိုထိုင်းတဲ့ ရေချိုးခန်းလို၊ မိုးပက်တဲ့နေရာတို့မှာ လုံးဝမထားပါနဲ့။ ရေမွှေးအတွက်မကောင်းတဲ့အပြင် sprayer တွေကိုပါပျက်စီးစေနိုင်ပါတယ်။ 5) အဖုံးပါတာ၊ မပါတာက ပြသနာမဟုတ်ပါဘူး။ Sprayer တိုင်းလိုလိုက trigger lever ကိုဖိမှအတွင်းက ရေမွှေးကိုစုပ်ထုတ်ပေးတာပါ။ အဖုံးတွေကအလှပါပဲ။ Sprayer ကိုသာမပျက်စီးအောင် အသေအချာသုံးပါ။ Sprayer ပျက်ရင် ရက်ပိုင်း၊ လပိုင်းအတွင်းမှာပဲ ခမ်းသွားပါမယ်။ 6) အစားအသောက်တွေထားတဲ့ fridge ထဲမှာလဲ မထားပါနဲ့။ ရေမွှေးနံ့တွေအစားအသောက်တွေကို ကူးသွားနိုင်သလို အစားအသောက်က အနံ့တွေလဲ ရေမွှေးပုလင်းမှာစွဲသွားရင်မကောင်းပါ။ ဒါအပြင် ရေမွှေးကိုအပြင်ကိုထုတ်ပြီးသုံးတဲ့အခါ အပြင်ရာသီဥတုအရမ်းပူနေရင် ရေမွှေးပုလင်းရဲ့အပူချိန်တက်လိုက်ကျလိုက်မြန်တာမို့ ရေရှည်အတွက်မကောင်းပါဘူး။ ကိုယ်တိုင်ရေးထားတာမို့ ကျေးဇူးပြု၍ စာသားတွေကိုကူးယူပြီး Facebook ပေါ်မတင်ဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ Share မယ်ဆိုရင် ဒီ post ရဲ့ url/web address ကို share ပဲပေးရင်နောက်ပိုင်း review တွေရေးဖို့ပိုအားရှိမှာပါ။
Comments