top of page
Search

ရေမွှေး အဝတ်ပေါ်မှာမစွန်းအောင် ဘာတွေလုပ်ရမလဲ

Writer's picture: Yangon Branded Perfume ShopYangon Branded Perfume Shop

Updated: May 26, 2023


ရေမွှေးတွေရဲ့အဓိကပါဝင်ပစ္စည်းတွေက ရေမွှေးလုပ်ငန်းသုံး အရက်ပြန် (denatured alcohol) နဲ့ ရေမွှေးအဆီ (perfume concentrate) တို့ဖြစ်ပါတယ်။ ပြီးရင်တစ်ချို့ရေမွေးတွေမှာ အရောင်လှအောင် ဆေးရောင်တွေထည့်ထားတာရှိပါတယ်။ ရေမွှေးအဆီလို့သိကြတဲ့ perfume concentrate မှာ သဘာဝအပင်တွေကရတဲ့ essential oil တွေ၊ aroma chemical လို့ခေါ်တဲ့ရနံ့ဓာတုပစ္စည်းတွေနဲ့ အခြား fixative ဓာတုပစ္စည်းတွေလည်းပါပါတယ်။

ရေမွှေးလုပ်ငန်းသုံး အရက်ပြန်က အဖြူရောင် (အရောင်မရှိ) ပါဘူး။ ဒါပေမဲ့အရက်ပြန်အားလုံးက mild bleach ဖြစ်လို့ အရောင်ကိုကျွတ်စေတဲ့သတ္တိရှိပါတယ်။ perfume concentrate မှာပါတဲ့ ပစ္စည်းတွေမှာလဲ အမြင်မှာအရောင်မရှိဘူးလို့ထင်ရတဲ့ ရေမွှေးတွေမှာတောင် အရောင်နဲ့ဆီ အနည်းနဲ့အများပါပါတယ်။ အရောင်စွန်းနိုင်ပါတယ်။

ဒါကြောင့်ရေမွှေးကိုအဝတ်ပေါ်ဖြန်းမယ်ဆိုရင် အဖြူရောင်တွေနဲ့ အရောင်နု တွေပေါ်ကို တပ်ရိုက်မဖြန်းတာသာ အကောင်းဆုံးပါပဲ။ တစ်ခေါက် နှစ်ခေါက် ပဲဆိုရင် စွန်းချင်မှစွန်းနိုင်ပေမဲ့ ရက်ရှည်စွဲသုံးတဲ့အခါ စွန်းကောင်းစွန်းသွားနိုင်ပါတယ်။ ဘယ်ရေမွှေးကစွန်းတတ်တယ် ဘယ်ရေမွှေးကမစွန်းဘူးဆိုတာ ပြောလို့သိပ်တော့မလွယ်ပါဘူး။ အဝတ်လျှော်တဲ့စက်/လူ ၊ သုံးတဲ့ detergent ၊ အဝတ်အထည်အမျိုးအစားတွေပေါ်မှာလည်းဆိုင်ပါသေးတယ်။

ပြီးရင်ဈေးပေါတဲ့ရေမွှေးတွေက စွန်းတတ်ပြီး ဈေးကြီးတဲ့ရေမွှေးဆိုရင်မစွန်းဘူးဆိုတာလည်း မမှန်ပါဘူး။ ပါဝင်ပစ္စည်းတွေပေါ်မှာပဲ မူတည်ပါတယ်။

ဒါကြောင့်စိတ်အချရဆုံးနည်းဖြစ်တဲ့ အဖြူရောင်နဲ့အရောင်နုတွေပေါ် တိုက်ရိုက်ဖြန်းတာကို ဆင်ခြင်ပါ။ အရောင်ရင့်တဲ့အဝတ်တွေပေါ်မှာသာဖြန်းပါ။ အကွက်ကြီးဖြစ်သွားအောင်အနီးကပ်ကြီးမဖြန်းပါနဲ့ - fine spray ဖြစ်အောင် နဲနဲဝေးဝေးကဖြန်းပါ။ synthetic material တွေဖြစ်တဲ့ faux leather တို့ plastic တို့အပေါ်မထိပါစေနဲ့။

အမြဲအင်္ကျီဖြူဝတ်ရတဲ့ သူများက အင်္ကျီပေါ်ကိုဖြန်းမယ့်အစား ဘောင်းဘီအရောင်ရင့် ဒါမဟုတ်ရင် ပုဆိုး၊ထမိန်တို့အပေါ်ဖြန်းပါ။ လူ့အသားပေါ်ကို တိုက်ရိုက်ဖြန်းပါ။ စွန်းသွားရင်လည်း ချက်ချင်းလျှော်ပါ။ ဒီလောက်ဆိုရင်အဆင်ပြေပါပြီ။


(ကိုယ်တိုင်ရေး content တွေမို့ Facebook ပေါ်မှာ copy and paste လုပ်ခွင့်မပြုပါဘူး။ Share မယ်ဆိုရင် ဒီ link > https://www.yangonbrandedperfume.com/post/how-to-avoid-perfume-stain-on-clothes ကို share နိုင်ပါတယ်)









 
 

Comments

Rated 0 out of 5 stars.
No ratings yet

Add a rating
  • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

  • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

  • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

You are visitor number

bottom of page