မြန်မာငွေ ၂၀၀၀၊ ၃၀၀၀ သာပေးရတဲ့ တစ်ချို့သော ရေမွှေးလေးတွေက တစ်ပုလင်းကို ၁၀ သိန်းကျော်ပေးရတဲ့ Creed Aventus လိုရေမွှေးတွေထက်တောင် ဘာလို့ကြာကြာခံတာပါလဲ
အရမ်းဈေးချိုပြီးအနံ့အရမ်းကြာကြာခံအောင်လုပ်ထားတဲ့ ရေမွှေးတော်တော်များများမှာ International Fragrance Association (IFRA) က ပမာဏကန့်သတ်ပြီးသုံးရမယ်လို့ ညွှန်ကြားထားတဲ့ aroma chemical လို့ခေါ်တဲ့ ရနံ့ဓာတုပစ္စည်းတွေကို အန္တရာယ်ရှိနိုင်တဲ့ပမာဏထက်ပိုပြီး အလွန်အကျွံသုံးထားလို့ ပိုပြီးဈေးများတဲ့ branded ရေမွှေး အစစ်တွေထက်တောင် ပိုပြီးကြာကြာခံနိုင်တာဖြစ်ပါတယ်။
Common sense နဲ့ပဲစဉ်းစားကြည့်ရင်သိနိုင်ပါတယ်။ လူသိများတဲ့ niche နဲ့ high street brand တွေကလဲ ဒီလောက်လွယ်လွယ်ကူကူ ဖြစ်နိုင်ရင် သူတို့ရဲ့ရေမွှေးတွေပိုရောင်းရဖို့ တရားဝင်နည်းလမ်းနဲ့ ပိုပြီးကြာကြာခံအောင် sillage ပိုကောင်းအောင် လုပ်မှာပါပဲ။ ဒါပေမဲ့ US နဲ့ European Union မှာ Federal Food, Drug and Cosmetic Act (FD&C Act), The European Regulation (EC) No 1272/2008 on classification, labelling and packaging of substances and mixtures နဲ့ European Union Regulation (EC) No 1907/2006 concerning the Registration, Evaluation, Authorisation and restriction of Chemicals အစရှိတဲ့ ဥပဒေတွေ စည်းကမ်းသတ်မှတ်ချက်တွေရှိပါတယ်။ ဒါတွေကို မလိုက်နာရင်ပေးရမဲ့ ဒဏ်ကြေးနဲ့ သုံးစွဲသူတွေစုပြီး တရားစွဲ (class action lawsuit) ရင် ပေးလိုက်ရမဲ့ငွေကြေးတွေက ရမဲ့အကျိုးအမြတ်ထက် ဆယ်ဆ၊ အဆတစ်ရာမက များတာမို့ မဟုတ်တာကိုလွယ်လွယ် မလုပ်ကြတာပါ။
အထူးသဖြင့်အခုလို အခက်အခဲအမျိုးစုံဖြစ်နေချိန်မှာ လူတိုင်းက ပစ္စည်းအသုံးအဆောင်တွေကို အတတ်နိုင်ဆုံးဈေးသက်သက်သာသာ လိုချင်တာသဘာဝပါပဲ။ ဒါပေမဲ့ ငွေကြေးသက်သာသွားပေမဲ့ အခြားနည်းတွေနဲ့ ပြန်ပေးလိုက်ရတာပါဆိုတာ အောက်မှာပေးထားတဲ့ သတင်း တွေကို ကြည့်ရင်သိသာမှာဖြစ်ပါတယ်။
ဒါကြောင့် တစ်နေကုန်အကြာကြီးခံပြီး ဈေးအလွန်သက်သာတဲ့ ရေမွှေးတွေဝယ်လိုတဲ့အခါ အပေါ်ကအချက်တွေကိုတော့နဲနဲဂရုစိုက်ဖို့ အကြံပေးပါရစေ။
ကိုယ်တိုင်ရေးထားတာမို့ ကျေးဇူးပြု၍ စာသားတွေကိုကူးယူပြီး Facebook ပေါ်မတင်ဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ Share မယ်ဆိုရင် ဒီ post ရဲ့ url/web address ကို share ပဲပေးရင်နောက်ပိုင်း review တွေရေးဖို့ပိုအားရှိမှာပါ။
Comments