ရေမွှေးပုလင်းရဲ့ sprayer ပျက်သွားခဲ့ရင်
- Yangon Branded Perfume Shop
- Jan 20, 2021
- 1 min read
Updated: Feb 25, 2023
Sprayer ကအကြောင်းအမျိုးမျိုးကြောင့် ပျက်နိုင်ပါတယ်။ ခုတလောအများဆုံးဖြစ်နေတာကတော့ ပုလင်းကြီးကနေ decant လေးတွေကို syringe ၊ converter အစရှိတာတွေနဲ့ ခွဲရာကနေ သိပ်မကျွမ်းကျင်ပဲ လုပ်မိလို့ ထိပ်ကအတံလေးကျေသွားပြီးပျက်သွားတာမျိုး၊ အောက်ကိုလွတ်ကျတာမျိုး၊ ကလေးကဆော့လို့ ခေါင်းက စပရင်လေးပျက်တာမျိုး အမျိုးမျိုးပါပဲ။
Sprayer head အလုပ်မလုပ်ဘူးဆိုရင် အထဲကရေမွှေးကိုသုံးဖို့အတွက်လုပ်နိုင်တဲ့နည်းက ခေါင်း တစ်ခုလုံးကို ပလာယာနဲ့ဖျက်ပြီး အထဲကရေမွှေးကို 10ml, 30ml, 50ml စသည်ဖြင့်သင့်တော်တဲ့ decant bottle လေးတွေထဲကိုခွဲထည့်လို့ရပါတယ်။ Sprayer head ကိုမဖျက်ခင်မှာတော့ အထဲမှာရေမွှေးဘယ်လောက်ရှိလဲဆိုတာကို မှန်းပြီး လုံလောက်တဲ့ decant bottle လေးတွေကိုအဆင်သင့်ထားရမှာဖြစ်ပါတယ်။
Sprayer ကပျက်သွားတာမဟုတ်ပဲ ဖုံတွေအရမ်းများတဲ့ နေရာမှာထားလို့ ပိတ်သွားတာ၊ မသုံးတာကြာလို့ ပိတ်နေတာမျိုးဆိုရင်တော့ ပထမအဆင့် ခေါင်းလေးကို အရက်ပြန်တို့ထားတဲ့ဂွမ်းလေးနဲ့ သန့်ရှင်းရေးလုပ်ပြီး စမ်းဖြန်းကြည့်ပါ။ ဒါမှ မရသေးရင် ရေမွှေးပုလင်းရဲ့ sprayer head ကို ရေနွေးပိုက်ခေါင်း က အပူချိန်ကို အရမ်းမပူအောင်နွေးနွေးလေးချိန်ပြီး ပိုက်ခေါင်းအောက်မှာခဏလေးရေနဲ့ ဆေးပြီး ပုလင်းကိုဇောက်ထိုးထားပြီး ကို စမ်းဖြန်းကြည့်ပါ။ သာမန်ပိုက်ပိတ်တာဆို ဒီလောက်နဲ့ပြန်ပွင့်ပါတယ်။
ဒါမှမရတော့ဘူးဆိုတာသေချာရင်တော့ အပေါ်မှာပြောထားတဲ့ ပလာယာနဲ့ဖျက်တဲ့နည်းကိုပဲသုံးရတော့မှာ ဖြစ်ပါတယ်။
ရေမွှေးအကြောင်းဗဟုသုတတွေကို လေ့လာနိုင်ဖို့နဲ့ stock update သိနိုင်ဖို့ Yangon Branded Viber channel ကို join နိုင်ပါပြီ။

Comments