top of page

Armaf Club de Nuit Sillage
Eau de Perfume 105ml

K 105,000 (Ready In Stock)


"Honestly watched so much reviews of Sillage and did not believe the hype until I blind bought it. I wore and went out and received unsolicited compliments from 6 people and still after 5 hours of wear." - Fragrantica review

R (5).jpg

Armaf Club de Nuit Sillage Eau de Parfum က Floral Woody Musk ရနံ့အမျိုးအစား အမျိုးသားရော အမျိုးသမီးတွေပါသုံးနိုင်တဲ့ unisex ရနံ့ရေမွှေးဖြစ်ပါတယ်။

Club de Nuit Sillage ကို 100ml ကို $470 လောက်ရှိတဲ့ Creed Silver Mountain Water နဲ့ ရနံ့တော်တော်တူတဲ့အတွက် လူသုံးများတာဖြစ်ပြီး နှင်းဖုံးတောင်တန်းတွေပေါ်က ကြည်လင်တဲ့စမ်းချောင်းလေးရဲ့ရနံ့ကို idea ယူပြီးလုပ်ထားလို့ စွဲဆောင်မှုကောင်းတဲ့ လန်းဆန်းတက်ကြွတဲ့ရနံ့ဖြစ်ပါတယ်။ Eau de Parfum concentration ဖြစ်လို့ ရနံ့ကြာရှည်ခံပြီး Creed ထက် ဈေး ၁၀ ဆလောက်သက်သာတာမို့ Asia and Middle East မှာသာမက USA, Canada and Europe မှာပါ လူသုံးများတာကို Amazon review ပေါင်း ၄၀ဝ၀ ကျော်ရှိတာကိုကြည့်ပြီး သိနိုင်ပါတယ်။

စစဖြန်းဖြန်းခြင်းမှာ မွှေးပျံ့တဲ့ citrus scent တွေဖြစ်တဲ့ bergamot၊ သံပုရာသီး၊ သံပုယိုနှင့် စပျစ်ညို ရနံ့တွေရပါတယ်။ ခရမ်းရောင် violet အရွက်ကထွက်တဲ့ စိမ်းလန်းတဲ့ ရနံ့အနည်းငယ် နဲ့ ဂျင်ဂျာရဲ့ တောက်ပတဲ့ spice ရနံ့တွေကလည်း opening notes တွေကို bright, zesty and refreshing ဖြစ်စေပါတယ်။ Citrus Notes တွေက တော်တော်သဘာဝကျလို့ အသက်ဝင်ပြီး တက်ကြွတဲ့ စွဲဆောင်မှုကို ဖန်တီးပေးပါတယ်။

Mid note တွေကတော့ fresh and dewy ဖြစ်တဲ့ နှင်းဆီရနံ့၊ clean and airy ဖြစ်တဲ့ စံပယ်နဲ့ smooth and velvety ဖြစ်တဲ့ အိုင်းရစ်ပန်းရနံ့ တွေ ဖြစ်လို့ perfume composition တစ်ခုလုံးကို မသိမသာ ချိုမွှေးအောင် ကျက်သရေရှိအောင် ဒီ mid note တွေနဲ့ ထိမ်းထားတာပါ။ Floral note တွေအားလုံးက well balanced မျှတ သဟဇာတဖြစ်ပြီ citrus တွေနဲ့ ခြားနားတဲ့ခံစားမှုအဆင့်ဆင့်ကို ဖန်တီးပေးပါတယ်။

ရနံ့ရဲ့base notes တွေက စွဲဆောင်မှုရှိတဲ့ ambroxan ရနံ့၊ soft and cozy ဖြစ်တဲ့ ကတိုး musk ရနံ့၊ dry and woody ဖြစ်တဲ့ sandalwood ရနံ့နဲ့ subtle and refined ဖြစ်စေတဲ့ cedar ရနံ့ တို့ ပေါင်းစပ်ထားတာဖြစ်ပြီး နွေးထွေးတဲ့၊ woody ဖြစ်တဲ့၊ musky ဖြစ်တဲ့ base ဖြစ်လို့ မွှေးရနံ့ကို ပိုပြီးနက်ရှိုင်းအောင် တာရှည်ခံအောင် ကူပေးထားတာဖြစ်ပါတယ်။ Well blended perfume မို့ mid note ပန်းရနံ့တွေကနေ base note ကိုဆက်သွားတဲ့ အကူးအပြောင်းက ချောမွေ့သောအသွင်ကူးပြောင်းမှုဖြစ်ပါတယ်။

Club de Nuit Sillage က လူအများစုအတွက် pleasant ဖြစ်တဲ့ရေမွှေးဖြစ်လို့ ရာသီမရွေး အမျိုးသားရော အမျိုးသမီးပါ သုံးနိုင်တဲ့ စွယ်စုံရ versatile ရနံ့တစ်ခုဖြစ်သည်။ ရနံ့ပြန့်လွင့်အားကို သုံးပြီးသူတွေတဲ့ Fragrantica vote ကိုကြည့်မယ်ဆိုရင် သင့်တယ်လို့ ၇၂၄ ယောက်၊ strong ဖြစ်တယ်လို့ ၆၂၆ ယောက်နဲ့ enormous (very strong) လို့ ၈၉ ယောက်က ပြောထားပါတယ်။ Club de Nuit Intense Men လိုမျိုးအရမ်းမပြင်းပဲ တော်တော်လေးကောင်းတဲ့ projection ကိုပေးနိုင်ပါတယ်။ ကြာရှည်ခံမှုကို longevity ပေးထားတာတွေက moderate သင့်တယ်လို့ ၃၉၃ ယောက်၊ long lasting ဖြစ်တယ်လို့ ၉၂၅ ယောက်နဲ့ Eternal (very long lasting) လို့ ၁၂၃ ယောက်က ပြောထားပါတယ်။ ဒါကြောင့် long lasting ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။


ဒီရေမွှေးက projection and performance တော်တော်ကောင်းတာမို့ ရေမွှေးရနံ့ပျော့တာကြိုက်တဲ့သူတွေနဲ့ ရနံ့အရမ်း sensitive ဖြစ်တဲ့သူတွေ နဲနဲ metallic note ဖြစ်တဲ့ ambroxan ရနံ့မကြိုက်သူတွေတော့ မသုံးသင့်ပါဘူး။ သူ့ရဲ့ performance က Silver Mountain Water ထက်သိသိသာသာပိုကောင်းပြီး ဘေးလူတွေဆီပါ ရနံ့ပြန့်အားကောင်းအောင် ရနံ့ကြာရှည်ခံအောင် ambroxan နဲ့ woody notes ပါတဲ့ ac များကိုသုံးထားတဲ့အတွက် ဆွတ်ပြီးပြီးခြင်း တစ်နာရီ နှစ်နာရီမှာတော့ ရနံ့မသိမသာလေးစူးသယောင်ရှိလို့ပါ။ သူ့ထက် ၁၀ ဆဈေးများတဲ့ Creed လောက်တော့ smooth မဖြစ်တာတော့အမှန်ပါ။ ဒီအတွက် ရေမွှေးကို လည်ပင်း၊ ဂုတ် တို့ထက် နှာခေါင်းနဲ့နဲနဲဝေးတဲ့ နေရာတွေမှာသုံးဖို့လည်း အကြံပေးချင်ပါတယ်။

အဝတ်ပေါ်မှာဆွတ်ရင်လည်း အဆင်ပြေပါတယ် - အဝတ်ပေါ်မှာဆွတ်မယ်ဆိုရင် sprayer ကို အဝတ်နဲ့ တစ်ထွာလောက်ခွါပြီးဆွတ်မှ အဝတ်မှာအကွက်မထင်မှာပါ။ Perfume concentration တော်တော်များလို့ perfume oil content ပါတာ အခြားရေမွှေးတွေထက် များပါတယ်။ ဒါကြောင့် အဖြူရောင်တွေ အရောင်နုတွေပေါ် သုံးမယ်ဆိုရင်တော့ common sense သုံးပြီး အရင်စမ်းပြီးမှသုံးတာ ကောင်းပါမယ်။ Jeans တွေ dark color shirts တွေလိုမျိုးကတော့ ပြဿနာမရှိပါဘူး။

Club de Nuit Sillage က Creed Silver Mountain Water နဲ့ရနံ့တူပေမဲ့ တိုက်ရိုက်ကူးချထားတာမျိုး မဟုတ်ပါဘူး။ မူလ ဖော်မျူလာကို သူ့ရဲ့ကိုယ်ပိုင်ဖန်တီးမှုတွေ ထည့်ပေါင်းပြီး လူအများသုံးနိုင်တဲ့ ဈေးနဲ့ရနိုင်တဲ့ အရည်အသွေးမြင့် စွမ်းဆောင်ရှိပြီး ရနံ့ကလည်းကောင်းလို့ လက်ရှိစျေးကွက်မှာ ဈေးသက်သာပြီး ကြာရှည်ခံမယ့် ရေမွှေးအမျိုးအစားကို ရှာနေတဲ့ ရေမွှေးချစ်သူတွေအတွက် မရှိမဖြစ်ရေမွှေးကောင်းတစ်ခု ဖြစ်ပါတယ်။

ဝေခွဲမရဖြစ်နေသေးတယ် ဆိုရင် အောက်မှာ တစ်စုတစ်စည်းထဲ တင်ပေးထားတဲ့ international reviewer တွေရဲ့ comment တွေကိုကြည့်ပြီးမှ ဆုံးဖြတ်နိုင်ပါတယ်။ 
 

I have been wearing Sillage for almost half of my day, and wow!!! 
The best clone I've smelled so far. 10/10!!!!!!!!!! -
Fragrantica review

Armaf Club de Nuit Sillage Eau de Parfum105ml - K 105,000 (Ready In Stock in Yangon)

Yangon Branded Customer Service Mobile/Viber - 0943065356 တို့ကနေ order နိုင်ပါတယ်။

Delivery service အတွက် https://www.yangonbrandedperfume.com/deli ကိုကြည့်ပါ။

ကိုယ်တိုင်လာဝယ်ဖို့အတွက် https://www.yangonbrandedperfume.com/pickup ကိုကြည့်ပါ။

  • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

  • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

  • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

You are visitor number

bottom of page